ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးရာ ကော်မတီ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ တင်ပြချက်နှင့် ပဉ္စမကာလတို ငါးနှစ် အမျိုးသားစီမံကိန်း (မူကြမ်း)နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၁၂) ကို ၁-၁၁-၂၀၁၂ ရက်နေ့တွင် ကော်မတီ ရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။