အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် စစ်မှန်သော ပြည်သူ့ကျေးကျွန်များအဖွဲ့အား (၉-၉-၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီ အချိန်တွင် ရေးရာဆောင် (I–15) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် စစ်မှန်သော ပြည်သူ့ကျေးကျွန်များအဖွဲ့မှ (၅)ဦး တက်ရောက်၍ “သိမ်းဆည်းခံလယ်ယာမြေကိစ္စရပ်များ” အား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၅၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။