Share this

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အခြေစိုက် မိတ်ဆွေစစ်အသင်း(TF)အား လက်ခံတွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်အခြေစိုက်သော အရပ်ဘက်အဖွဲ့အစည်း မိတ်ဆွေစစ်အသင်း(TF)အား (၁၃-၁၂-၂၀၁၉)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရေးရာဆောင်(I-15) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုကဲ့သို့ လက်ခံတွေ့ဆုံခဲ့ရာတွင် မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ အပေါ် အကြံပြုချက်များ၊ သုသေသနပြုချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မိတ်ဆွေစစ်အသင်း(TF)မှ အဖွဲ့ဝင်(၇)ဦး တက်ရောက်ခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲအား  (၁၄:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။