အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် (၁၇.၁၂.၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်၊ ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ် အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သက်တမ်းကုန် သတ္တုလုပ်ငန်းများ၊ သက်တမ်းတိုးဆောင်ရွက်ရာ၌ ကြုံတွေ့နေရသော အခက်အခဲများနှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ အတွင်းရေးမှူး စခင်ဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။