Share this

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံရှိ အိမ်အကူအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံရှိ အိမ်အကူအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများဖြစ်သော Karen Baptist Convention (KBC)၊ Future Light Center (FLC)၊ Migrant Worker Rights Network (MWRN)၊ Burmese Women’s Union (BWU)၊ Karen Women Empowerment Group (KWEG)၊ The Fifth Pillar၊ Legal Clinic Myanmar ၊ We Generation Network နှင့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်တို့က (၁၈.၂.၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-15) အပေါ်ထပ်အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် “အိမ်အကူအလုပ်သမားဆိုင်ရာဥပဒေမူကြမ်း”နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။