| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးဝေစိန်အောင် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ရခိုင်/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၁/စတန(နိုင်) ၀၁၀၉၁၆ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၈-၀၃-၁၉၄၆ / (၇၂) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ |
| ၈။ | ပညာအရည်အချင်း | - | B.Sc(General) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အ.ထ.ပြ (ငြိမ်း) |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးစောလှဖြူ(ကွယ်လွန်)၊ AJ017804 |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်နှင်းစံဖြူ(ကွယ်လွန်)၊ AJ030280 |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်စောသိန်းတန်၊ ၁၁/စတန(နိုင်) ၀၄၄၁၂၀ ၊ အ.ထ.က ကျောင်းအုပ်(ငြိမ်း) |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) ဦးကျော်ဇောဦး၊ ၁၁/စတန(နိုင်) ၀၀၁၇၂၁၊ အင်္ဂလိပ်စာပြ (၂) ဒေါ်နှင်းနုခိုင်၊ ၁၁/စတန(နိုင်) ၀၀၁၇၂၅၊ နည်းပြ၊ စစ်တွေကွန်ပျူတာတက္ကသိုလ် (၃) ဒေါ်နှင်းနုဖြူ၊ ၁၁/စတန(နိုင်) ၀၄၄၇၈၄၊ WHO(AA)၊ စစ်တွေမြို့ (၄) ဦးကောင်းကျော်အောင်၊ ၁၁/စတန(နိုင်) ၀၆၉၅၁၇(မလေးရှားနိုင်ငံ) |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ၅၈၊ မဏိပူရလမ်း၊ ရဲနွယ်စုရပ်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | (ယခင်)ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ယခု)ရခိုင်အမျိုးသားပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁) |
၁၉၆၂ တွင် နဝမတန်းကို အ.ထ.က ရသေ့တောင်မြို့ ၊ ရခိုင်ပြည်နယ်မှလည်းကောင်း၊ ၁၉၆၄ တွင် ၁၀တန်းကို ဓညဝတီ အလွတ်ပညာသင်ကျောင်း ၊ စစ်တွေမြို့မှ လည်းကောင်း၊ ၁၉၆၈ တွင် B.Sc ဘွဲ့ကို လုပ်သားများကောလိပ် ရန်ကုန်မြို့မှလည်းကောင်း အောင်မြင်ခဲ့ပါသည်။
၁၉၆၅ မှ ၁၉၆၉ ထိ အောက်တန်းစာရေး၊ အထက်တန်းစာရေး အဖြစ် ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်ရုံး၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၁၉၆၉ မှ ၁၉၇၆ ထိ အထက်တန်းပြဆရာအဖြစ် အ.လ.က၊ အ.ထ.က မြောက်ဦးမြို့တွင် လည်းကောင်း၊ ၁၉၇၆ မှ ၁၉၈၀ ထိ အထက်တန်းပြဆရာဖြင့် အ.ထ.က(၂)၊ စစ်တွေမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၈၈တွင် စစ်တွေမြို့နယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၈၉ မှ ၁၉၉၀ ထိ ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ သာရေးနာရေးအသင်း၊ ဘာသာရေးအသင်း၊ ရဲနွယ်စုရပ်ကွက်၊ စစ်တွေမြို့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
မှတ်ချက်