
| ၁။ | အကြိမ် | - | ပထမအကြိမ် |
| ၂။ | အမည် | - | ဦးဇော်မြင့်ဖေ |
| ၃။ | အခြားအမည်ရှိလျှင် | - | မောင်စန်းလွင် |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/သဃက(နိုင်)၀၂၆၇၀၉ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၂-၁၁-၁၉၄၃ / (၇၅) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | နွားထိုးကြီး |
| ၈။ | ပညာအရည်အချင်း | - | B.SC,Rangoon University(1963)/R.L (1984) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးချစ်ဖေ (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်စောရင် (ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ခင်လှရီ၊ ဆရာဝန်(ငြိမ်း)၊ ၁၂/သဃက(နိုင်) ၀၂၅၁၁၆ |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် | - | (၁)ဦးအောင်ဇော်မြင့်၊ ကုန်သည်၊ မြင်းခြံမြို့ (၂)ဒေါ်ခိုင်ရွှေဝါ၊ ဗဟိုဘဏ်၊ နေပြည်တော် (၃)ဦးဇော်ရဲ၊ ဆရာဝန်၊ ရန်ကုန် (၄)ဒေါ်အေးကြည်သာ၊ နတလ၊ နေပြည်တော် (၅)ဒေါ်မိုးသီတာ၊ အိုးအိမ်၊ နေပြည်တော် (၆)ဦးထွန်းရဲ၊ ကုန်သည်၊ ရန်ကုန် |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ် (၃၀၂၉)၊ မိုးမခ(၃)လမ်း၊ ဥတ္တရသီရိမြို့နယ်။ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၅) |
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်-
အခြေခံပညာကျောင်းများ(၁၉၄၉ – ၁၉၅၈) မြင်းခြံ ၊ နွားထိုးကြီး ၊ ဝဲလောင် နှင့် ရန်ကုန်တက္ကသိုလ်တို့၌ မူလတန်း၊ အလယ်တန်း ၊ အထက်တန်း ၊ တက္ကသိုလ်ပညာတို့ကိုသင်ကြားခဲ့ပါသည်။(၁၉၅၉) ခုနှစ် တက္ကသိုလ် ဝင်တန်း (၁၀)တန်းအောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ စတင်ပညာသင်ကြားပါသည်။ နိုင်ငံရေးသိပ္ပံ ပညာကို (၁၉၆၅)ခုနှစ်၌ ဗဟိုနိုင်ငံရေးသိပ္ပံ ထိုမှတစ်ဆင့်ဗဟိုနိုင်ငံရေး တက္ကသိုလ်တို့၌ သင်ကြားဆည်းပူးခဲ့ပါသည်။
(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် –
ဗဟိုနိုင်ငံရေးတက္ကသိုလ်၌ လ/ထ ကထိက(၁၉၆၆ မှ ၁၉၇၅)။ နိုင်ငံတော်ကောင်စီရုံး၌ ဌာနစုမှူး၊လ/ထညွှန်မှူး ၊ ဒုညွှန်မှူး (၁၉၇၅ – ၁၉၈၈)။ နဝတရုံး/နယကရုံး တပ်မတော်အစိုးရ လက်ထက်၌ ညွှန်ကြားရေးမှူးနှင့် ဒုညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။(၂၀၁၀) ခုနှစ်၌ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူ၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ပါသည်။ (၁၉၇၄)ခုနှစ် ပထမ အကြိမ် ကျောက်တံတားမြို့ နယ် ကောင်စီဝင်အဖြစ် အရွေးခံ၍ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း
တပ်မတော် အစိုးရလက်ထက်၌ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်၌ လိုက်ပါခဲ့ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ရောက်ရှိခဲ့ပါသည်။ လွှတ်တော်လက်ထက်၌ ထိုင်း ၊ ဘရူးနိုင်း ၊ U.K ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့ပါသည်။
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် –
အဆောင်သဟာယအသင်း ၊ မြင်းခြံခရိုင်ကျောင်းသားများအသင်း ၊ လမ်းစဉ်ပါတီ
(င) ပြစ်မှု/ပြစ်ဒဏ် ကျခံဖူးခြင်းရှိ/မရှိ(ရှိပါက ဖြစ်စဉ်အသေးစိတ် ဖော်ပြရန်)
မရှိပါ
(စ) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး –
စီမံထူးချွန်(ဒုတိယအဆင့်)
(ဆ) အခြားဖော်ပြရန်ရှိသည်များ –
မရှိပါ