| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးစိုင်းစံမင်း |
| ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃) | |
| ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက် |
| သတ္တုတွင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
လားရှိုးမြို့တွင် အခြေချ နေထိုင်လျက်ရှိသော နမ္မတူ ဘော်တွင်းမှ အငြိမ်းစား ဝန်ထမ်းများအား လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာများ ပုံမှန် ထုတ်ယူနိုင်ခွင့် ရှိ/မရှိ နှင့် တပ်မတော်သားများကဲ့သို့ပင် တိုင်းပြည် တာဝန်ကို သက်စွန့်ဆံဖျား ထမ်းဆောင်ကြရသူများ ဖြစ်သဖြင့် တပ်မတော်သားများကို တွက်ချက် ပေးသော ပင်စင်ပုံသေနည်းအတိုင်း တွက်ချက် ခံစားပေးနိုင်ခွင့် ရှိ/မရှိ သိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကိုပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၆)ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း၏ စာမျက်နှာ(၇) တွင်ဖတ်ရှုပါ။ |