အမျိုးသားလွှတ်တော် မြန်မာ-ဂျပန်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့်အဖွဲ့ဝင်များအား ဂျပန်အခြေစိုက်၊ အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့၏ အမှုဆောင်ဒါရိုတ်တာ Akio Kawakami ဦးဆောင်သောအဖွဲ့က (၂၀.၂.၂၀၁၈)ရက်နေ့ ညနေ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-15) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
(၂၇.၁၁.၂၀၁၇)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ကျင်းပခဲ့သည့် 3rd Myanmar Industrial Human Resource Development Symposium သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခွင့်ပြုခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း Symposium တွင် မြန်မာ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေး အကြောင်းအရာများအား၊ ဂျပန်-မြန်မာအသက်မွေးပညာသင်တန်းကျောင်း JMVTI အောင်ဆန်းစီမံကိန်းများအား အကောင်အထည် ဖော်ဖွင့်လှစ်နိုင်ရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဇော်မင်လတ်(ခ) ဦးကိုလတ်နှင့်အတူ မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ ဝင်များ နှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။