Share this

တတိယနေ့ အစီအစဉ် (၁၄ - ၁၁ - ၂၀၁၈)

Wednesday, November 14, 2018 - 08:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး

တတိယနေ့ အစီအစဉ်

[ ၁၄ - ၁၁ - ၂၀၁၈ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် တတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း -

(က)    ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်အတွင်း အမ်းမြို့ နယ်မှ စစ်တွေမြို့နယ်အထိ (၂၀၂.၃)မိုင်အတွင်း ယာဉ်တိုက်မှု များပြားနေခြင်းနှင့် ဒဏ်ရာရ လူနာများအတွက် မည်သို့စီမံဆောင်ရွက် ထားရှိသည်နှင့် ယာဉ်တိုက်မှု လျှော့ချစေရေးအတွက် မည်သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )   ဒေါ်ရှားမူ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကယားပြည်နယ်၊ ဖရူဆို မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )   ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်တွင်းရှိ ပုဂ္ဂလိကသင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းသင်ကြား၍ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်၍ မှန်ကန်မှုမရှိပါက အရေးယူပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပညာရေးနှင့်ပတ်သက်သော သင်တန်းကျောင်း ကြော်ငြာများတွင် အတုအယောင် မက်လုံးပေး ဆွဲဆောင်မှုများကြောင့် ကျောင်းသား/ကျောင်းသူများ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သို့ စီမံထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)    ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဒခွန်ကျေးရွာအုပ်စု၊ ဝမ်လွမ်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းကို အခြေခံပညာ မူလတန်း(လွန်)ကျောင်း သို့မဟုတ် အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )   ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အနောက်ကျည်စုအုပ်စုရပ်ကွက် အတွင်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို အခြေခံပညာအလယ်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်း၏ဥပဓိရုပ် ကောင်းမွန်စေရန် လိုအပ်သည်များ ပြုပြင်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

( စ )   ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင်ရရှိရေးနှင့် ဒေသလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာရပ်များ သင်ကြားနိုင်ရန် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတစ်ကျောင်း ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-

          (က)    ဦးကျော်သီဟ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

( ခ )   ဦးခင်မောင်မြင့်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)

( ဂ )   ဦးခင်မောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။