| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးကိုကိုနိုင် |
| စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် |
| ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန |
|
| အကြောင်းအရာ |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်ပေါင်း (၃၃၀) ရှိသည့်အနက် မြို့နယ်ငယ်လေးများရှိ (၂၅)ခုတင်ဆံ့ ဆေးရုံများနှင့် ကျေးရွာများရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် T.M.O များ၊ A.S လက်ထောက်ဆရာဝန်များအနေဖြင့် လက်ရှိတာဝန်ကျရာ ဆေးရုံမှ အခြားဒေသရှိ ဆေးရုံများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် အမိန့်ကျလာသည့်အခါ ၎င်းတို့ကိုယ်စား တာဝန် ထမ်းဆောင်ရမည့် T.M.O, S.M.O, A.S ဆရာဝန်များ ရောက်ရှိမှသာ အခြားဒေသဆေးရုံများသို့ ပြောင်းရွှေ့ခွင့်ပြုရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၈)တွင် ဖတ်ရှုပါ။ |