Share this

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေ၊ သုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေ၊ သုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို (၇.၅.၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီအချိန်၌ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-14) ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ စိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)၏ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက စိစစ်ရမည့် ဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။