Share this

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သော ကော်မတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌခေါင်းဆောင်သော ကော်မတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များပါဝင်သောအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ရေးရာဆောင်အမှတ်(I-15) အစည်းအဝေးခန်းမ၌ ၂၃-၅-၂၀၁၉ ရက် (အင်္ဂါနေ့)၊ မွန်းတည့်(၁၂:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားကို (၁၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။