အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များအား ပွင့်လင်းမြန်မာ့ရှေ့ဆောင်၊ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် ဦးဆောင်သည့်အဖွဲ့သည် (၂၅-၇-၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-16) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က သိလိုသည်များ မေးမြန်းခြင်းကို ဖြေကြားခြင်းနှင့် သုတေသန ပြုလုပ်ရန် အချက်အလက်များ ကောက်ယူခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။