Share this

အမျိုးသားလွှတ်တော် မြန်မာ - ကာဇက်စတန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းတွင် အဖွဲ့ဝင်အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

အမိန့်ကြော်ငြာစာများ

အမျိုးသားလွှတ်တော်၏ (၁၈-၆-၂၀၂၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၂၆) ဖြင့် ဖွဲ့စည်းခဲ့သည့် အမျိုးသားလွှတ်တော် မြန်မာ-ကာဇက်စတန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အဖွဲ့ဝင်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဒေါ်ကျော့ယဉ်ဝင်း အစား စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင် အား အစားထိုးပြင်ဆင် ဖွဲ့စည်းလိုက်သည်။