အမျိုးသားလွှတ်တော်၊ မြန်မာ – တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Mr. Chen Chen အား (၂၈.၄.၂၀၁၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။