Share this

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Activities (EN)

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၉-၈-၂၀၁၉)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရေးရာဆောင်(I-15)အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် The Myanmar Post Office Act, 1898 ဥပဒေနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်(၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို ( ၁၄:၃၀ )နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။