Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၁၉) ကျင်းပ

Activities (EN)

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၄.၁၁.၂၀၁၉)ရက်နေ့ (၁၁၂၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် I-20(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဦးစွာပထမ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်လတ်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်အခွင့်အရေးကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ (မူကြမ်း)အား ရှင်းလင်းကာ တက်ရောက်လာကြသည့် ကော်မတီဝင်များက လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၂၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။