Share this

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များအား UNICEF Myanmar အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေး

Activities (EN)

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသည် UNICEF Myanmar နှင့် (၅.၁၂.၂၀၁၉)ရက်နေ့ (၀၈၁၅)နာရီမှ (၀၉၀၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  

ယင်းသို့တွေ့ဆုံရာတွင် “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်(၃၀) ပြည့် အထိမ်းအမှတ် လူငယ်ထိပ်သီးအစည်းအဝေးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဆုရကလေးများ၏ အတွေ့အကြုံများ”နှင့်စပ်လျဉ်း၍  ဆွေးနွေးပြောကြားပါသည်။ 

အဆိုပါအစည်းအဝေးသို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်သန်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ နော်ဆာမူထူး၊ ဒေါ်သန်းသန်းအေး ၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်၊ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ် နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။