အမျိုးသားလွှတ်တော် ပထမအကြိမ် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကော်မတီမှ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ ဆွေးနွေးသည့် အစည်းအဝေးကို ၂၁.၁၀.၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။