(Beta Version)

Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်တင်အား မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး H.E. MR. MARK MCDOEWLL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ

Activities (EN)

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး H.E. Mr. Mark McDowell နှင့်အဖွဲ့က ၂၀၁၅ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင် (I-20) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းနောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးအေး၊ ဦးဇုန်လှယ်ထန်း၊ ဦးဂျေယောဝူနှင့်  လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ လက်ရှိဆောင်ရွက်လျက် ရှိသော တာဝန်ဝတ္တရားများ၊ မြန်မာလွှတ်တော်နှင့် ကနေဒါလွှတ်တော်တို့၏ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။