ဦးအောင်မြင့်သိန်း

Kayin
မဲဆန္ဒနယ်အမှတ်(၉)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၁။ အကြိမ် - ပထမအကြိမ်
၂။ အမည် - ဦးအောင်မြင့်သိန်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၃/ကကရ(နိုင်) ၀၁၀၅၃၈
၆။ မွေးသက္ကရာဇ် / အသက် - ၀၈-၀၄-၁၉၆၂ / (၅၆) နှစ်
၇။ မွေးဖွားရာဇာတိ - ကော့ကရိတ်မြို့ ၊ ကရင်ပြည်နယ်၊
၈။ ပညာအရည်အချင်း - B.A (Hist)
၉။ လက်ရှိအလုပ်အကိုင် - အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးအောင်သိန်း၊ ၃/ကကရ(နိုင်) ၀၁၀၅၃၉၊ လက်သမား။
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မာကြည်၊ ၃/ကကရ(နိုင်) ၀၀၉၄၉၆၊ မှီခို။
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ခင်ဝင်းမူ၊ ၃/ကကရ(နိုင်) ၀၁၀၆၉၅၊ ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ကော့ကရိတ်မြို့ ။
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - မဖြိုးမီမီဟန်၊ ၃/ကကရ(နိုင်) ၁၅၄၃၄၄၊ ကျောင်းသူ၊B.C.Sc(Hons;) (ဒီပလိုမာဆက်လက်သင်ယူဆဲ)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၁၄၂)၊ ရတနာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ကော့ကရိတ်မြို့နယ်။
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၉)
ကိုယ်ရေး အကျဉ်း: 

(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန် 

၁၉၆၇ ခုနှစ် မှ ၁၉၇၃ ခုနှစ်ထိအ.မ.က (၆)ကော့ကရိတ်မြို့တွင် မူလတန်းပညာ သင်ကြားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိအ.လ.က(၂)၊တောင်ပေါ်ရပ်၊ ကော့ကရိတ်မြို့တွင် အလယ်တန်းပညာ သင်ကြားခဲ့ပါသည်။ ၁၉၇၉ ခုနှစ်မှ၁၉၈၂ ခုနှစ်ထိ အ.ထ.က(၁) ကော့ကရိတ်မြို့တွင် အထက်တန်းပညာ သင်ကြားခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ ဘားအံဒီဂရီကောလိပ်နှင့် ၁၉၈၆ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ မော်လမြိုင်တက္ကသိုလ် မှ B.A(Hist) ဘွဲ့ရရှိခဲ့ပါသည်။

(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် –

၁၉၈၂ ခုနှစ်မှ ၁၉၉၉ ခုနှစ်ထိကော့ကရိတ်မြို့နယ် သမဝါယမအသင်းနှင့် အသင်းစုတို့တွင် မန်နေဂျာနှင့် ဥက္ကဋ္ဌတာ၀န် ထမ်းဆောင်ခဲ့ပါသည်။ ၂၅.၁၀.၁၉၉၉ ခုနှစ်မှ ၁၄.၉.၂၀၁၄ ခုနှစ်ထိကော့ကရိတ် ခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ခရိုင်ပါတီကော်မတီ၀င်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ ၁၅.၉.၂၀၀၄ ခုနှစ်မှ ၇.၆.၂၀၁၀ ခုနှစ်ထိ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ပြည်နယ်ပါတီကော်မတီ၀င်အဖြစ်  တာ၀န်ထမ်းဆောင် ခဲ့ပါသည်။ ၁၇.၅.၂၀၀၄ ခုနှစ်မှ ၃.၉.၂၀၀၇ခုနှစ်ထိ ကရင်ပြည်နယ် အမျိုးသားညီလာခံ ကိုယ်စားလှယ် (တိုင်းရင်းသားလူမျိုး များကိုယ်စားလှယ်အစုအဖွဲ့)အဖြစ် တာ၀န် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အောင်မြင်ရေး၊ ကော့ကရိတ်ခရိုင် ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့၀င်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။

(ပြည်ပခရီးစဉ် မှတ်တမ်း

စဉ် မှ ထိ သွားရောက်သည့်နိုင်ငံများ သွားရောက်သည့်ကိစ္စ မည်သည့်အစိုးရ အဖွဲ့အစည်းအထောက်အပံ့ဖြင့်
သွားရောက်သည်
၄.၈.၂၀၀၈ ၉.၈.၂၀၀၈ ဗီယက်နမ် ချစ်ကြည်ရေး ပြည်ခိုင်ဖြိုး
၂.၁၂.၂၀၁၃ ၆.၁၂.၂၀၁၃ အိန္ဒိယ ချစ်ကြည်ရေး  လွှတ်တော်

(ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် –

၁၉၉၉ မှ ၂၀၀၄ ထိ ပြည်ခိုင်ဖြိုးအသင်း ကော့ကရိတ်ခရိုင် EC ၊   ၂၀၀၅မှ   ၂၀၁၀ထိ ပြည်ခိုင်ဖြိုးအသင်း၊   ကရင်ပြည်နယ် EC ၊ ၈.၆.၂၀၁၀ မှ    ယနေ့အထိ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီကော်မတီ၀င် (ကရင်)။

(ငချီးမြှင်ခံရသောဘွဲ့ထူး  ဂုဏ်ထူး – မရှိပါ။

(စအခြားဖော်ပြရန်ရှိသည်များ – 

တောင်ပေါ်ကျောင်းပရိယတိ္တစာသင်တိုက် (ကော့ကရိတ်)နှင့် ဇိနသုခလောကသရဖူ (ကော့ကရိတ်)တို့တွင် ဂေါပကဒုဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင် နေပါသည်။