
| ၁။ | အကြိမ် | - | ပထမအကြိမ် |
| ၂။ | အမည် | - | ဦးအုန်းတင် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ရခိုင်/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/တမန(နိုင်) ၀၀၆၃၇၉ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၁၄-၁၀-၁၉၄၃ / (၇၅) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ဒီးဒုတ်ကိုင်းကျေးရွာ ၊ မအီမြို့နယ်ခွဲ၊ တောင်ကုတ်မြို့နယ် |
| ၈။ | ပညာအရည်အချင်း | - | B.Sc(Maths), R.L,cA(W-BERLIN) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးငပျော့ (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မတုံ (ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်တင်ဦး၊ ၁၂/တမန(နိုင်) ၀၀၆၃၈၀၊ သားဖွားဆရာမ(ငြိမ်း) |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် | - | (၁) ဦးအုန်းတင်ဦး၊ ၁၂/တမန(နိုင်) ၀၈၁၁၆၂၊ အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် (၂) ဦးအုန်းတင်ထူး၊ ၁၂/တမန(နိုင်) ၀၈၁၁၅၃၊ နိုင်ငံခြားသင်္ဘောသား (၃) ဒေါ်အုန်းတင်ချော၊ ၁၂/တမန(နိုင်) ၀၈၁၁၃၅၊ ကုမ္ပဏီဝန်ထမ်း၊ အမေရိကန်ပြည်ထောင်စု |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၆၄)၊ ၁၅၅ လမ်း ၊ တာမွေ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | (ယခင်)ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ယခု)ရခိုင်အမျိုးသားပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၀) |
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်- ၁၉၅၁ – ၅၇ မအီကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြား ခဲ့ပါသည်။ ၁၉၅၇ – ၅၈ မအီကျေးရွာ အစိုးရမူလတန်းကျောင်းတွင် တတိယတန်းကိုသင်ကြား အောင်မြင်ခဲ့ပါသည်။ ၁၉၅၈- ၅၉ ကျောက်ဖြူမြို့ ဆရာအတတ်သင် သိပ္ပံကျောင်းရှိ စံပြမူလတန်းတွင် စတုတ္ထတန်းကို သင်ကြား အောင်မြင်ခဲ့ပါသည်။ ၁၉၅၉ – ၆၅ ကျောက်ဖြူမြို့ အစိုးရတန်းမြင့်ကျောင်းတွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ သင်ကြား အောင်မြင်ခဲ့ပါသည်။ ၁၉၆၅ – ၇၀ ထိ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သင်္ချာ) အဓိကဖြင့် အောင်မြင်ခဲ့ပါသည်။
(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် – ၁၉၇၀ – ၇၂ ကျောက်ဖြူမြို့တွင် အလွတ်ပညာသင် ဆရာအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၇၂ – ၇၇ ကုန်လမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်း၊ အင်ဂျင်နီယာ ဌာန တွင် အောက်တန်းစာရေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၇ – ၈၅ အကောက်ခွန် ဦးစီးဌာနတွင် ရာဖြတ်အရာရှိ/အကောက်ခွန်ဦးစီးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၇ – ၈၉ အကောက်အခွန် ရှင်းလင်းရေး ကိုယ်စားလှယ်၊ ၁၉၈၉မှ ယနေ့ထိ တရားရုံးချုပ်ရှေ့နေ၊ ၇.၁၁.၂၀၁၀ မှ ယနေ့အထိ ရခိုင်ပြည်နယ် ၊ မဲဆန္ဒနယ်အမှတ်(၁၀) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိပါသည်။
(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း
| စဉ် | မှ | ထိ | သွားရောက်သည့်နိုင်ငံများ | သွားရောက်သည့်ကိစ္စ | မည်သည့်အစိုးရအဖွဲ့အစည်း အထောက်အပံ့ဖြင့်သွားရောက် သည် |
| ၁။ | ၂၄.၈.၁၉၈၂ | ၂၄.၁၁.၈၂ | အနောက်ဂျာမနီ | အကောက်ခွန် အုပ်ချုပ်မှု ဆိုင်ရာသင်တန်း |
အနောက်ဂျာမနီအစိုးရ ၏နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အပံ့ |
| ၂။ | ၁၆.၁၀.၂၀၁၃ | ၁၂.၁.၂၀၁၄ | အမေရိကန် ပြည်ထောင်စု |
မိသားစုကိစ္စ | မိသားစုအစီအစဉ် |
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် – ၁၉၈၈.၉၂ ဗဟိုဦးစီးအဖွဲ့ဝင် (ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်) ၂၀၁၀ မှ ယနေ့အထိ ဒုတိယဥက္ကဋ္ဌ (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး – ပြည်သူ့ဝန်ထမ်းကောင်းဘွဲ့တံဆိပ်လက်မှတ်၊ တရားဥပဒေစိုးမိုးရေးဘွဲ့တံဆိပ်လက်မှတ်
(စ) အခြားဖော်ပြရန်ရှိသည်များ – မရှိပါ