| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးစိုးဝင်း |
| ၃။ | အခြားအမည်ရှိလျှင် | - | ဦးစိုးလေး |
| ၄။ | လူမျိုး/ဘာသာ | - | ရခိုင် /ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၁/ဂမန(နိုင်) ၀၁၂၃၆၅ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၂-၁၀-၁၉၅၇ / (၆၁) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ရဟိုင်ကူးတို့ကျေးရွာ၊ ဂွမြို့နယ် |
| ၈။ | ပညာအရည်အချင်း | - | B.A(ဒဿနိကဗေဒ) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အုန်းဥယျာဉ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးလေးမောင်၊(ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သောင်းတင်၊ (ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မရှိပါ |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မရှိပါ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ရဟိုင်ကူးတို့ကျေးရွာ၊ ဂွမြို့နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၂) |
မူလတန်းပညာကို ရဟိုင်ကူးတို့ကျေးရွာ အစိုးရမူလတန်းကျောင်းတွင် လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က ဂွမြို့တွင်လည်းကောင်း၊ ပထမနှစ်၊ ဒုတိယနှစ်ကို အမှတ်(၂) ဒေသကောလိပ် (လှိုင်နယ်မြေ)တွင်လည်းကောင်း၊ တတိယနှစ်၊ စတုတ္ထနှစ်ကို ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (ဒဿနိကဗေဒ) ဘာသာရပ်ဖြင့် ၁၉၈၃ ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။
ငါးပုဇွန်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး မြို့နယ်နှင့် ပြည်နယ်တာဝန်များ ၊ အဖွဲ့ချုပ်ဗဟိုရေးရာ ကော်မတီတာဝန်များ ထမ်းဆောင်ခဲ့သည့်အပြင် သာရေးနာရေးလုပ်ငန်းများ၊ လူငယ်စာဖတ်အသင်းနှင့် ဘာသာရေးအသင်း အဖွဲ့များတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။
မှတ်ချက်