
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးမိုင်းအုဏ်းခိုင် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ပလောင်/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၃/ကမန(နိုင်) ၀၀၅၆၆၉ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၁-၀၁-၁၉၆၁ / (၅၇) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | အနောက်ကင်းကျေးရွာ၊ နမ့်ဆန်မြို့နယ် |
| ၈။ | ပညာအရည်အချင်း | - | Dip.Ag,B.Sc,H.G.P |
| ၉။ | လက်ရှိအလုပ်အကိုင် | - | စျေးရောင်း |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးအောင်ထွန်း(ကွယ်လွန်)၊ ယူနစ်ကော်မတီဝင် (ကျောက်မဲ) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ရွှေဥ(ကွယ်လွန်) လက်ဖက်ခြံလုပ်ငန်း |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ရီရီခင်၊ ၁၃/နဆန(နိုင်) ၀၂၆၃၃၄ စျေးရောင်း |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မောင်မိုင်းရာန်ခွမ်တုံ ကျောင်းသား |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | မမ-၁၃၀၊ ရပ်ကွက်(၃)၊ မြို့မရပ်၊ မန်တုံမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | တအာင်း(ပလောင်)အမျိုးသားပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၀) |
(၁၉၆၆-၁၉၇၀) အ.မ.ကအနောက်ကင်း၊ နမ့်ဆန်မြို့နယ်၊ (၁၉၇၁-၁၉၇၇) အ.ထ.က(၁) ကျောက်မဲမြို့၊ (၁၉၇၈-၁၉၇၉) လားရှိုးဒေသကောလိပ် (စိုက်ပျိုးရေး လုပ်ငန်းအတတ်ပညာ)၊ (၁၉၈၀-၁၉၈၁) မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး Dip.Ag,B.Sc,H.G.P ရရှိခဲ့ပါသည်။
(၁၉၈၁-၁၉၈၃) အွယ်လော အ.လ.ကတွဲဖက် (နမ့်ခမ်းမြို့နယ်)တွင် အလယ်တန်းပြအဖြစ်လည်းကောင်း၊ (၁၉၈၃-၁၉၈၈) လမ်းစဉ်လူငယ်စည်းရုံးရေးကော်မတီရုံး (ကျောက်မဲမြို့)တွင် ပါတီစာရေးဝန်ထမ်းအဖြစ်လည်းကောင်း၊ (၁၉၈၉-၁၉၉၃) အထက်တန်းရှေ့နေ(ပြင်ပ)အဖြစ် လည်းကောင်း၊ ကိုယ်ပိုင်ကြက်/ဝက်မွေးမြူရေးလုပ်ငန်း၊ (၁၉၉၃-၁၉၉၅) PSLA ငြိမ်းချမ်းရေးအဖွဲ့ ဗဟိုကော်မတီရုံးအဖွဲ့မှူး၊ (၁၉၉၆-၂၀၀၀)PSLA ငြိမ်းချမ်းရေးအဖွဲ့အရံ ဗဟိုကော်မတီဝင်၊ (၂၀၀၀-၂၀၀၅) PSLA ငြိမ်းချမ်းရေးအဖွဲ့ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ၂၀၀၅ မှ ယခုထိပလောင်တိုင်းရင်းသား (PSLAငြိမ်းချမ်းရေးအဖွဲ့) တွဲဖက် အတွင်းရေးမှူး၊ (၂၀၁၀-၂၀၁၅) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်၊ ၂၀၁၅ခုနှစ်လက်ရှိ တအာင်း(ပလောင်) အမျိုးသားပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)၊ မန္တလေးတက္ကသိုလ် တိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီ မန္တလေးတက္ကသိုလ် တွဲဖက်အတွင်းရေးမှူး (၁၉၇၉-၁၉၈၀) စည်းရုံးရေးမှူး၊ မန္တလေးတက္ကသိုလ် တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၊ ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ (၁၉၈၃-၁၉၉၃) အတွင်းရေးမှူး၊ မြို့နယ်ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ကျောက်မဲမြို့)၊ (၁၉၈၄-၁၉၉၀) အတွင်းရေးမှူး ဂေါပကအဖွဲ့အမှတ်(၈) ရပ်ကွက်မိုဃ်းကောင်းကျောင်းတိုက်၊ ကျောက်မဲမြို့၊ (၁၉၉၂-၁၉၉၆) တွဲဖက်အတွင်းရေးမှူး မြန်မာနိုင်ငံပလောင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ (၁၉၉၃-၁၉၉၄) အမျိုးသားညီလာခံ အခြားဖိတ်ကြားသင့်ပုဂ္ဂိုလ် အစုအဖွဲ့ (အထူးဒေသ-၇ PSLA ငြိမ်းချမ်းရေးအဖွဲ့ အကြံပေးအဖွဲ့ဝင်)၊ (၁၉၉၅/၉၆-၂၀၀၃/၂၀၀၅) အခြားဖိတ်ကြားသင့် ပုဂ္ဂိုလ်အစုအဖွဲ့၊ အမျိုးသားညီလာခံကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ (၁၉၇၉-၁၉၈၁) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မန္တလေးဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်) အခြေခံ/တန်းမြှင့်အဆင့်၊ (၁၉၈၃-၁၉၈၄) ပျားမွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးဆင့်ပွား သင်တန်းအမှတ်စဉ်(၆)၊ လားရှိုး၊ ၁၉၈၅ ပါတီရုံးစီမံခန့်ခွဲမှုသင်တန်း၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်၊ မင်္ဂလာဒုံ၊ ရန်ကုန် အမှတ်စဉ် (၅၂) ၁၉၈၇-လူငယ်စီမံခန့်ခွဲမှုသင်တန်း၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်၊ မင်္ဂလာဒုံ၊ရန်ကုန်အမှတ်စဉ်(၂၈)လက်ရှိတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မန်တုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ (ပထမအကြိမ်) ရှမ်းပြည်နယ်လွှတ်တော် ဘတ်ဂျတ်စီစစ်ရေးကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တအာင်း (ပလောင်) အမျိုးသားပါတီကိုယ်စားပြု ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၀) တွင် ဝင်ရောက်အရွေးခံမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ပါသည်။
မှတ်ချက်