
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးရဲထွဋ် |
| ၃။ | အခြားအမည်ရှိလျှင် | - | ဝင်းထွဋ်ဇော် |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/သဃက(နိုင်)၀၁၇၇၁၄ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၀-၀၃-၁၉၄၂ / (၇၆) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ရန်ကုန်မြို့ |
| ၈။ | ပညာအရည်အချင်း | - | B.Ecom |
| ၉။ | လက်ရှိအလုပ်အကိုင် | - | စာရေးဆရာ၊ အတိုင်ပင်ခံအယ်ဒီတာ |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးဘချစ်၊ ခရိုင်ရဲဝန်(ငြိမ်း)၊ (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မမလတ်၊ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေးဌာန၊ ဝန်ကြီးများရုံး၊ ရန်ကုန်မြို့၊ (ငြိမ်း)(ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မြင့်မြင့်သိန်း၊ ၁၂/သဃက(နိုင်) ၀၁၅၁၇၉၊ မှီခို |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁)ကိုနန္ဒထွဋ်၊ ၁၂/သဃက(နိုင်)၀၁၇၈၉၆၊ အရောင်းအဝယ် (၂)ကိုကျော်စွာထွဋ်၊ ၁၂/သဃက(နိုင်) ၀၄၄၁၂၅၊ စာရေးဆရာ၊ မဂ္ဂဇင်းအယ်ဒီတာ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | (၇၈၂)၊ နော်ခမ်းဦးလမ်း၊ (၉)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၅) |
ရန်ကုန်မြို့၊ နိုင်ငံတော်ဗဟိုအစိုးရ၊ အထက်တန်းကျောင်း (central) တွင်လည်းကောင်း၊ ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် လုပ်ကိုင်ခဲ့ပါသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပမညတအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ မြို့နယ်ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ထီးတန်းကောလိပ်၊ ကျောင်းသားညီညွတ်ရေး တပ်ဦးဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ(ရကသ) ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
မှတ်ချက်