| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးကြည်ဝင်း |
| ၃။ | အခြားအမည်ရှိလျှင် | - | ဦးကြည်ဝင်း(လပွတ္တာ) |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၄/လပတ(နိုင်) ၀၀၅၈၆၇ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၇-၀၅-၁၉၄၆ / (၇၂) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | လပ္ပတ္တာမြို့နယ် |
| ၈။ | ပညာအရည်အချင်း | - | B.A(Law)L.L.B |
| ၉။ | လက်ရှိအလုပ်အကိုင် | - | တရားလွှတ်တော်ရှေ့နေ |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးသောင်ရှိန်၊ ၁၄/လပတ(နိုင်) ၀၀၅၃၆၃၊ ဆားလုပ်ငန်းရှင် |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ကျင်စိန်၊ ၁၄/လပတ(နိုင်) ၀၀၅၃၆၄၊ မှီခို |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မွှေးမွှေး၊ လပွတ္တာမြို့နယ် သမဝါယမ အသင်း(ငြိမ်း) |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ( ၁ ) ဦးတင်ကိုကိုဝင်း၊ ၁၄/လပတ(ပြု) ၀၀၀၀၁၇၊ ဇောတိကကုမ္ပဏီ၊ စာရင်းကိုင် ( ၂ ) မသဲစုကြည် ၁၄/လပတ(ပြု) ၀၀၀၀၁၅၊ အီတလီနိုင်ငံပညာတော်သင်ဆု(မဟာလူမှုရေးသိပ္ပံ) ဘွဲ့ဖြင့် အီတလီနိုင်ငံတွင်၂၀၁၄ ခုနှစ် မှစ၍ ပညာသင်ကြားနေသည်။ ( ၃ ) မမေသက်ထားကြည် ၁၄/လပတ(ပြု) ၀၀၀၀၁၆ (မစ်ဆူဘီရှီကုမ္ပဏီ၊ရန်ကုန်) |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၄)ရပ်ကွက်၊ လပွတ္တာမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်မြေ(၁၂) |
အမှတ်(၄) အလယ်တန်းကျောင်း၊ မြို့မအထက်တန်းကျောင်း၊ လပွတ္တာမြို့၊ ဗဟိုစံပြအထက် တန်းကျောင်း၊ လသာမြို့နယ် ရန်ကုန်တက္ကသိုလ်
ဥပဒေပညာဌာန တရားလွှတ်တော်ရှေ့နေ( ၁၉၇၃ မှ ယနေ့အထိ)
၁၉၉၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် လပွတ္တာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၉၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လပွတ္တာမြို့နယ်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ဝင် ၊ တိုင်းဘဏ္ဍာရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥပဒေအဖွဲ့၊ ဗဟိုလယ်သမားကော်မတီအဖွဲ့ဝင်၊ ဗဟိုအလုပ်သမားကော်မတီအဖွဲ့ဝင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဗဟိုအဖွဲ့ဝင်၊ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ လယ်သမားကော်မတီအဖွဲ့ဝင်၊ အလုပ်သမားကော်မတီအဖွဲ့ဝင်၊ ဗဟိုဥပဒေ အဖွဲ့ဝင် အဖြစ်ထမ်း ဆောင်ခဲ့ပါသည်။
လပွတ္တာမြို့နယ်အသင်းအတွင်းရေးမှူး၊ လပွတ္တာမြို့ကျောင်းသားဟောင်း အသင်းဥက္ကဋ္ဌ၊ လပွတ္တာမြို့၊ အောင်ဆန်းစာကြည့်တိုက် ဘဏ္ဍာရေးမှူး၊ လပွတ္တာမြို့၊ ရှေ့နေများအတွင်းရေး မှူး၊ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်သည့် တိပိဋကဘာသာပြန်အဖွဲ့ တွဲဘက်အတွင်းရေးမှူး)
၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကျင်းပသည့် အမျိုးသားညီလာခံ (ကျိုက္ကဆံ)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုရွေးကောက်ခံ ကိုယ်စားလှယ်၊ အစုအဖွဲ့ကိုယ်စားဖြင့် တက်ရောက်ခဲ့သည်၊ ၁၉၉၆ ခုနှစ်၊ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထုတ်ပယ်ခံရသည့်အထဲတွင် ပါဝင်သည်၊ အမျိုးသားညီလာခံ၌ တရားစီရင်ရေး စနစ်တွင် စာချွန်တော်ပါဝင်လာရန် သီးခြားစာတမ်းရေးသား တင်သွင်းခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၅ – ခ) အရ ထောင်ဒဏ် (၂) နှစ် အပြစ်ပေးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ပါသည်။
မှတ်ချက်