| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးမောင်မောင်အုန်း |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကျော်မျိုး |
| ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း GDP လျာထားချက်အရ ၇.၂ % တိုးတက်ရန် ဖြစ်ပြီး ယင်းမျှော်လင့်ချက်များ ပိုမိုပေါက်မြောက်အောင်မြင်စေရန်အတွက် မြန်မာအမျိုးသမီးများကို နိုင်ငံတကာ ပင်လယ်ရေကြောင်းလောကတွင် အမျိုးသမီးသင်္ဘောသားများ (Seafarers) အဖြစ်လည်းကောင်း၊ ခရီးသည်တင် သင်္ဘောများတွင် ပိုမို၍ အလုပ်အကိုင်အခွင့်အလမ်းရစေရန်အတွက် လည်းကောင်း၊ တရားဝင်လုပ်ကိုင်ခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ လုပ်ငန်းဆိုင်ရာလက်မှတ်များထုတ်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခြင်းနှင့် နိုင်ငံတကာရှိ သင်္ဘောကုမ္ပဏီ များနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းများ အမြန်ဆုံးလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၅)တွင် ဖတ်ရှုပါ။ |