အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ၃၁.၁.၂ဝ၁၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ တတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းပါ အလုပ်သမားကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးခြင်း အစည်းအဝေးကို ၁၈.၂.၂ဝ၁၂ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၃/၂ဝ၁၂ ပြုလုပ် ကျင်းပခဲ့ပြီး ၂၀၁၂-၂၀၁၃ မှာ အနည်းဆုံး အခကြေးငွေ ဥပဒေကို အပြီးသတ် ရေးဆွဲနိုင်ရေး အတွက် တိုက်တွန်းရန်၊ တည်ဆဲဥပဒေများအား ပြောင်းလဲလာသော ခေတ် နှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတကာစံနှုန်းများ နှင့်အညီ လူမှုဖူလုံရေး ဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ အနည်းဆုံး အခကြေးငွေ ဥပဒေ၊ အလုပ်သမား လျော်ကြေးဥပဒေ၊ အလုပ် အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေများကို အသစ်ရေးဆွဲသွားရန်၊ အချိန်ပိုလုပ်ခ ဥပဒေကိုလည်း ထည့်သွင်းရေးဆွဲရန်၊ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ အလုပ်သမားများ တရားဝင် အလုပ်လုပ်နိုင်ရေးအတွက် သက်သေခံ မှတ်ပုံတင်ကဒ်ပြားများ ထုတ်ပေးရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။