Share this

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်း

Activities (EN)

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၈-၅-၂၀၁၉)ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ရေးရာဆောင်(I-15)အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် ထပ်မံညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီဉက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ အမျိုးသားလွှတ်တော် ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဉက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်(၁)ဦးတို့ပါတက်ရောက်ခဲ့ပြီး၊ ဦးစီးဌာနဘက်မှလည်း ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ပညာရှင်(၁)ဦး ပါဝင်လျက် တာဝန်ရှိသူ(၆)ဦးတက်ရောက် ဆွေးနွေးခဲ့ကာ အစည်းအဝေးကို (၁၅:၄၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။