အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ တောင်သူ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းမှုကိစ္စ၊ ဆည်မြောင်းများ ရေရရှိရေး၊ စက်ကိရိယာ ငှားရမ်းသုံးစွဲနိုင်ရေး ဆွေးနွေးခြင်း၊ အလုပ်သမားများအတွက် ILO Convention တွင် ပါဝင်ရန် ဆွေးနွေးခြင်း အစည်းအဝေးကို ၂၅.၄.၂ဝ၁၂ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၇/၂ဝ၁၂ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး တောင်သူလယ်သမားများ စျေးနှုန်း ရရှိရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးရေး၊ သဘာဝ မြေသြဇာနှင့် ဓါတ်မြေသြဇာ ရရှိရေး ဆွေးနွေးပြီး အလုပ်သမားများအတွက် အလုပ်သမား၊ သက်ဆိုင်ရာ ကုမ္ပဏီပိုင်ရှင် အလုပ်သမား ကိုယ်စားလှယ် သုံးဦးသုံးဖလှယ် ညှိနှိုင်းဆွေးနွေးပြီး ILO Conventionထဲမှာ ပါဝင်ရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။