| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးဌေးရယ် |
| ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးစိုးတင့် |
| ဆောက်လုပ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ကယားပြည်နယ်၊ လွိုင်ကော် – ပွန်ချောင်း ကားလမ်း(၁၀)မိုင်၊ (၃)ဖာလုံ နှင့်(၁၁)မိုင်၊ (၄)ဖာလုံအတွင်းရှိ ပြိုပျက်သွားသော ဘေလီတံတားကို သံကူကွန်ကရစ် တံတားအဖြစ် ပြန်လည် ပြုပြင်ပေးရန်နှင့် ၎င်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃)မိုင်၊ (၃)ဖာလုံတွင် ကမ်းပါးပြိုကျမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကမ်းပါးထိန်း ကျောက်စီနံရံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၈)တွင် ဖတ်ရှုပါ။ |