05
Oct

ဦးဟိန်းမင်းဦး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃)၏ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့နှင့် မြန်မာနိုင်ငံမြောက်ပိုင်းမြို့များသို့ အဓိကဆက်သွယ်ထားသော လမ်းမကြီးဖြစ်သည့် မန္တလေး - မိုးကုတ် - သပိတ်ကျင်း၊ တကောင်း - ထီးချိုင့် - ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်ရှိ တံတားအမှတ်(၁/၆၈)အား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရန်နှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ပျက်စီးနေသော လမ်းလွှဲ(၄)ဖာလုံခန့်အား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

05
Oct

ဦးကျော်ဝင်းဦး၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးနှင့် ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်စဉ်ကြီးများအပေါ် သင်ခန်းစာယူပြီး မြန်မာနိုင်ငံတွင်အလားတူ ငလျင်ကြီးများ မတော်တဆ ထပ်မံလှုပ်ခတ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် လာရောက်ကူညီဆောင်ရွက်ခဲ့သည့် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များနည်းတူ နိုင်ငံတကာအဆင့်မီ ဆက်လက်ဖွဲ့စည်းဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း