Share this

ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအား မြန်မာနိုင်ငံဆိုင်းဂီတအသင်း(ဗဟို)မှ ရှင်းလင်းတင်ပြပွဲ

Thursday, December 20, 2018 - 14:39
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အောက်ထပ်၌ ၂၀-၁၂-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့) ၊ အမျိုးသားလွှတ်တော်အစည်းအဝေးပြီးစီးချိန်တွင် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်းဂီတအသင်း (ဗဟို) မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ 

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်းဂီတအသင်း(ဗဟို) နာယကဦးဆောင်သည့် အဖွဲ့ဝင်များမှ မြန်မာနိုင်ငံဆိုင်းဂီတပညာရှင်များဘဝတိုးတက်ရေး၊ မြန်မာ့ဆိုင်းဂီတခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ ဆိုင်းဂီတပညာရှင်များ၏ ဘဝရပ်တည်ရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ခေတ်မီလွတ်လပ်စွာ ဖျော်ဖြေတင်ဆက်နိုင်ရန် လွှတ်တော်၏အခန်းကဏ္ဍမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များ မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။