အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အောက်ထပ်၌ (၂၀.၂.၂၀၁၉)ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးပြီးစီးချိန်တွင် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ရန်ကုန်မြို့၊ ပထမအတွင်းဝန်နှင့် စီးပွားရေးဌာန အကြီးအကဲဖြစ်သူ Mr.Oliver Hoos မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ကျန်းမာရေးကဏ္ဍနှင့်နည်းပညာကဏ္ဍများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန် တွေ့ဆုံခွင့်တောင်းခံခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။