အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များသည်(၂၈-၆-၂၀၁၇) ရက်နေ့ (၁၂၀၀) နာရီတွင် ရေးရာဆောင်အမှတ်(I-14)၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ပိုက်ကျော်ခြင်း/ ခြင်းလုံးအဖွဲ့ချုပ်၊ မြားပစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် အားကစားအဖွဲ့ချုပ်အသီးသီး၏ လုပ်ငန်းစီမံဆောင်ရွက်ထားရှိမှု၊ ဖွဲ့စည်းပုံအင်အားနှင့် အားကစားသမားများ၏ စိတ်ဓာတ်ရေးရာအခြေအနေ၊ ပြည်ပနည်းပြနှင့် ပြည်တွင်းနည်းပြများ ငှားရမ်းဆောင်ရွက်ထားရှိမှု၊ အဖွဲ့ချုပ်များမှ ပံ့ပိုး ဆောင်ရွက်ပေးနိုင်မှု၊ ဘတ်ဂျက်သုံးစွဲမှု၊ လေ့ကျင့်ရေးဆောင်ရွက်ပေးမှု အခြေအနေများ နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၉) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိရေး မျှော်မှန်းဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် အဖွဲ့ချုပ်အသီးသီး၏ တင်ပြချက်များအပေါ် အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။