| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးလှဦး |
|
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) |
|
|
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဦးလှကျော် |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဝါကြိတ်စက်ရုံ နှင့် အဆောက်အအုံ (၃၄)လုံးပါဝင်သော (၉.၇၈)ဧက ကျယ်ဝန်းသည့် ဝါစက်ဝင်းကြီးအား (၄-၇-၂၀၁၂)မှ နှစ်ရှည် နှစ်(၃၀) ငှားရမ်းလုပ်ကိုင် နေသော Thein Min Industry Group Co.ltd မှ မူလပင်မ စာချုပ်ကြီးနှင့် လိုသလိုပြင်ဆင်၍ အကြိမ်ကြိမ် ထပ်မံချုပ်ဆိုထားသော စာချုပ်များဖြင့် နိုင်ငံတော်အတွက်လည်းကောင်း၊ ဒေသအတွက်လည်းကောင်း အကျိုးလုံးဝမရှိဘဲ ငှားရမ်းသူ စီးပွားရေးသမားကုမ္ပဏီအတွက်သာ အကျိုးရှိနေသော ဝါလုပ်ငန်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် အဆိုပါ ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ (၁၄-၃-၂၀၁၇)နေ့တွင် ငှားရမ်းစာချုပ်အား ဖျက်သိမ်းပြီး ငှားရမ်းခြင်းရပ်စဲကြောင်း အတည်ပြု ထားခဲ့သော်လည်း ဖျက်သိမ်းရပ်စဲခြင်းမရှိ၍ မည်သည့်အချိန်တွင် ဖျက်သိမ်း ရပ်စဲရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၂၆)တွင် ဖတ်ရှုပါ။ |