| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးလှဦး |
| စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | အဖွဲ့ဝင် ဦးအောင်မြင်ထွန်း |
| နေပြည်တော်ကောင်စီ | |
| အကြောင်းအရာ |
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်း(သံလမ်းကူး)၏ တောင်ဘက်ကပ်လျက်အမှတ်(၂) ပြည်ထောင်စုလမ်းမကြီး (အများ သွားလာရန်လမ်း)ပေါ်နှင့် အထက်မှ ပင်မလျှပ်စစ်ကြိုးကြီး တည့်တည့် အောက်၌ ကျူးကျော်ဆောက်လုပ် နေထိုင်အသုံးပြုနေသော ယခင်က စစ်ပြန်ကြီး စောဘလင်းထန်းရည်ဆိုင်၊ ယခုအရက်ဆိုင်နှင့် ငှားရမ်းထားသော ဆိုင်ခန်း(၄)ခန်းတို့အား ဖယ်ရှားရန် ခေတ်အဆက်ဆက် အကြောင်းကြာစာ များ ထုတ်ဆင့်ခဲ့သော်လည်း လက်တွေ့ဖယ်ရှားခဲ့ခြင်းမရှိဘဲ အစိုးရ အဆက်ဆက် လျစ်လျူရှုနေခဲ့သဖြင့် အခြားဈေးသည်များမှ ၎င်းနည်း အတိုင်း ကျူးကျော်ဆောက်လုပ်ရန် ပြင်ဆင်နေပါသောကြောင့် အဆိုပါ ကျူးကျော်အဆောက်အအုံကို ယခုအစိုးရလက်ထက်၌ အပြီးအပြတ် ဖယ်ရှားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၂၁)တွင် ဖတ်ရှုပါ။
|