Share this

စတုတ္တနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၂.၁.၂၀၁၈)

Wednesday, February 28, 2018 - 11:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

စတုတ္တနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်

( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် )

[တနင်္လာနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္တနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂  ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ဥပဒေကြမ်းကို ဆွေးနွေးခြင်းနှင့် ဆုံးြဖတ်ခြင်း 

၂။ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးပါသည်။ 

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်ပါသည်။

အဆိုဆွေးနွေးြခင်း၊ ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၄။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း(အထက်တန်း)အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံး ချိန်တွင် ကျောင်းသူ/ကျောင်းသားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆိုဆက်သွယ် နိုင်စွမ်းမှာ  နိမ့်ကျနေဆဲဖြစ်ပါသည်။  ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ် ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် (Grad -9) အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်း စနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည် ၄ မျိုး (4 skills – reading, writing, speaking, listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆက်လက် ဆွေးနွေးပါသည်။

၅။ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က အဆိုနှင့်စပ်လျဥ်း၍  ပြန်လည်ဖြေရှင်း ဆွေးနွေးပါသည်။ 

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က  စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒ ပြုသည့်နည်းလမ်းဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ (၉၆)မဲ၊ ကန့်ကွက်မဲ (၁၀၂)မဲ၊ ကြားနေမဲ (၂)မဲ ဖြစ်သဖြင့် အဆိုကို အတည်မပြုကြောင်း ကြေညာပါသည်။

၇။ အစည်းအဝေးကို  ၁၁း၃၃ နာရီအချိန်တွင် ရပ်နားပါသည်။ ပဉ္စမနေ့ အစည်းအဝေးကို  ၂၃-၁-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပရန် လျာထားပါသည်။

 

အမျိုးသားလွှတ်တော်