ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစီအစဉ်
[ ၂ - ၈ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို လှူဒါန်းရန် တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
၆။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ပွင့်လင်းသော အစိုးရအဖွဲ့ဝင် (Open Government Partnership) ဖြစ်ရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆည်သုံးတန်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၈၈၅ ခုနှစ်ကတည်းက တည်ဆောက်ဖွင့်လှစ်ခဲ့သော Government High School အ.ထ.က(၁) မူလကျောင်းဟောင်းသို့ လက်ရှိ အ.ထ.က(၁)မှ ကျောင်းသူ/ကျောင်းသားများကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြောင်းရွှေ့ပညာသင်ကြားနိုင်ရန် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သို့မဟုတ် မြို့သူမြို့သားများ၊ အ.ထ.က(၁)ကျောင်းသူ/ကျောင်းသားဟောင်း များ၏ အစီအစဉ် ရန်ပုံငွေဖြင့် ကျောင်းဆောင်ဟောင်းအား ကြံ့ခိုင်မှု အာမခံနိုင်အောင်ထိ ပြုပြင်၍ ပညာသင်ကြားနိုင်ရန် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြို့မအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန်နှင့် မီးဝကျေးရွာနှင့် ဂုပ္ပီထောင့်ကျေးရွာတို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း တို့ကို အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များအဖြစ် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ တို့ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွန်းချေကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း။
၇။ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က)ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)
( ခ )ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)
( ဂ )ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။