Share this

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကျင်းပ

Monday, August 7, 2017 - 10:53
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်



အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကြီးမှူးသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို (၇.၈.၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီတွင် အမျိုးသားလွှတ်တော်၊ (J)ဆောင် ထမင်းစားခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ  အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပဏာမအမှာစကားပြောကြား၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ ဥပဒေ(မူကြမ်း)အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို (၁၆၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။