Share this

ဆဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၅.၁.၂၀၁၈)

Wednesday, February 28, 2018 - 11:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်

( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် )

[ကြာသပတေးနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၏ မဟာဗျူဟာလမ်းတစ်လမ်းဖြစ်သည့် ရမ်းဗြဲ-ကျောက်နီမော်လမ်း ၂၅ မိုင် ၅ ဖာလုံ လမ်းပိုင်းကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဓိက အရေးပါသော လမ်းကွန်ရက်များကို (၁၈)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိသဖြင့် ရမ်းြဗဲ - ကျောက်နီမော် လမျ်းတစ်လမ်းလုံးအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဥ် မရှိသေးပါကြောင်းနှင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူ မြန်ဆန်စေရေးအတွက် (၁၂)ပေအကျယ် ကတ္တရာလမ်းအဆင့်ကိုသာ ပြည်နယ်ရန်ပုံငွေ တင်ပြတောင်းခံ၍ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

( ခ )ဦးကျော်ကျော်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)၏ ရန်ကုန် - စစ်တွေ အဝေးပြေး ကားလမ်းမပေါ်တွင် တည်ရှိသည့် မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ချောင်းကူး သစ်သားတံတားကို နှစ်လမ်းသွား သံကူကွန်ကရစ်တံတားသစ် တစ်ခု တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း  က မြောင်းဘွေဘေလီတံတားကို နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ Plan တွင် ပါဝင်ပြီး ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံပြီး စတင် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်း   ြေဖကြားပါသည်။

( ဂ )ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရန်ကုန်-နေပြည်တော်  - မန္တလေး အမြန်လမ်းမကြီးကို အထူးဦးစားပေးအနေဖြင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီးသတ် ကတ္တရာထပ်ပိုးလွှာ ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရန်ပုံငွေအပြင် သီးသန့်အထူးဦးစားပေး အစီအစဥ်ဖြစ်သော နိုင်ငံတကာချေးငွေနှင့် အထူးရန်ပုံငွေများရရှိရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး Public Private Partnership (PPP)စနစ်ဖြင့်လည်း ဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း ရှင်လင်းဖြေကြားပါသည်။

စည်ပင်သာယာရေးဥပဒေကြမ်းကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အတည်ပြုခြင်းနှင့်  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာ သော စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဥ်း၍ ဆွေးနွေးရန် အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ် မရှိသဖြင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၄။မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ  စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၁၇ ခုနှစ်) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးပါသည်။

၅။ အစည်းအဝေးကို  ၁၁း၀၄  နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က သတ္တမနေ့အစည်းအဝေးကို  ၂၆-၁-၂၀၁၈ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

 

အမျိုးသားလွှတ်တော်