ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး
တတိယနေ့ အစီအစဉ်
[ ၁၆ - ၅ - ၂၀၁၈ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် တတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖြစ်သော မြန်မာ့ရေထွက်ပစ္စည်းများအား အဓိက ဝယ်ယူလေ့ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် EU နိုင်ငံ များသို့ ရေထွက်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ရေးတွင် လတ်တလောနှင့် လက်ရှိရင်ဆိုင်နေရသော ပိတ်ဆို့ဟန့်တားမှုများအပေါ် အလျင်အမြန် ကုစားနိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မည်သို့စီစဉ် ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် တစ်ဝက်ချောင်းဆည် တူးမြောင်း ကျောက်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဂ ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကြီးပြင်ကျေးရွာရှိ ဘောမကမ်းတောင့် လယ်သမားများတာ (ကာရီ) တာဘောင် ပြုပြင်ရန်နှင့် ရေတံခါးပေါက်ကို အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မြို့နယ်ခြား၊ နှစ်စဉ်နီးပါး မြေနုကျွန်း ပြဿနာ ဖြစ်ပွားလျက်ရှိသော မြို့နယ်များ၏ နယ်နိမိတ်များကို ၁၉၀၈ ခုနှစ် အိန္ဒိယ ဂရောင်းဆာဗေး (INDIA GROUND SURVEY) မြေပုံအရသော်လည်းကောင်း၊ စစ်သုံးမြေပုံအရသော်လည်းကောင်း ပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာအုပ်စု၊ ငပြီကျွန်းကို ကျွန်းပတ် ရေငန်တား တာတမံအသစ်တစ်ခုအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော သစ်တော ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော သစ်တော ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၈။ ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ် ရိက္ခာများ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမား များအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီ ပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။
၉။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
(သို့မဟုတ်)
အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း။