တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး
စတုတ္ထနေ့ အစီအစဉ်
[ ၂၈ - ၉ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ်ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
( က ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စုရှိ ကျေးရွာအများစု ဆက်သွယ်သွားလာသည့် ဗထူး - မုံပြင်လမ်း (၁၈)မိုင်ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မုံပြင် - ရေဖြူလမ်း(၁)မိုင်ကို မြေသားအမာခံကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း၊
( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် အောင်ပန်းမြို့တွင် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊
( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်းကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းပိုင်း(၁၃)မိုင်ရှိပြီး ၎င်း(၁၃)မိုင်တွင် ကွန်ကရစ်လမ်း (၂)မိုင် (၇)ဖာလုံ၊ အမာခံလမ်း (၈)မိုင် (၁)ဖာလုံနှင့် မြေသားလမ်း (လမ်းမဖောက်ရသေး) (၂)မိုင်ရှိပြီး ကွန်ကရစ်ခင်းရန် ကျန်ရှိသော အပိုင်းအား ကွန်ကရစ်ဆက်လက်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊
(ဃ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ၂၀၂၆ခုနှစ်၊ ပြည်ထောင်စုအခွန်ဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ စနစ်တကျစုဆောင်းရရှိရေး၊ ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ အခွန်ပေးဆောင်နိုင်ရေးနှင့် ခရိုင်အဆင့်ဒေသအဖြစ် အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်လာစေရေးတို့အတွက် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊
( င ) ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ CHUBB Life Myanmar Insurance Company နှင့်ပတ်သက်၍ ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးနေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ဒေါ်ခင်ဆွေ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ ပြည်ပမှ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်း ကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါလွှတ်တော်ကိုယ်စားလှယ် များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း -
(က) ဦးသောင်းရွှေ၊ ပဲခူးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၉ )
( ခ ) ဦးစိုးကြည်၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)
( ဂ ) ဦးတင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၈ )
(ဃ) ဦးမင်းမင်းထွန်း၊ ကချင်ပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)
( င ) ဦးကျော်တင့်၊ မန္တလေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)
( စ ) နော်ယုဇနဝါ၊ ကရင်ပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)
မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် (၆)မိနစ်။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။