တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး
တတိယနေ့ အစီအစဉ်
[ ၂၅ - ၉ - ၂၀၂၆ ] ( သောကြာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် တတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးတင်မျိုးဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာသည် ရေလယ်ကျွန်းတွင် နေထိုင်ရသည့်အတွက် ရေဘေးဒုက္ခများ ရှောင်ရှားရန် ယခင်သတ်မှတ်ပေးထားသော ကုန်းမြေနေရာသို့ လူနေအိမ်များ ပြောင်းရွှေ့၍ အတည်တကျ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးအောင်သီဟ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅)၏ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်ရေး၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျ ဝင်ရောက်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ် တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ၂၀၂၀ ခုနှစ် Contract Farming လုပ်ထုံးလုပ်နည်းများကိုအခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းနှင့် Agricultural Public Private Partnership စီမံကိန်းများကို ချိတ်ဆက်ဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေးဒေတာစနစ် တည်ဆောက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့သော မူဝါဒ၊ ဥပဒေ၊ စီမံချက်နှင့် လက်တွေ့အကောင်အထည်ဖော်မည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇)၏ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ခရုချောင်းရိုး တူးဖော်ခြင်းနှင့် ခရုချောင်း ရေတံခါးအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇)၏ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပေါက်ကုန်း ကျေးရွာအုပ်စုရှိ မွေးနီရိုးချောင်းအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇)၏ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သမီးကလေး ကျေးရွာအနီးရှိ လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင် ရေသန့်စက်ရုံသို့ ရေသွယ်ယူရာတွင် ပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ဒေါ်ခင်ဆွေ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)၏ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း -
(က) ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀)
( ခ ) ဒေါ်ကျင်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၉ )
( ဂ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၂ )
(ဃ) ဦးမြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၈ )
( င ) ဦးပြုံးချို၊ ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၇ )
( စ ) ဦးကျော်ဇင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၈ )
မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် (၆)မိနစ်။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္တနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။