တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်
[ ၂၄ - ၉ - ၂၀၂၆ ] ( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာအုပ်စု၊ ဖားအောက်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်စက် (X-ray Machine) (၁)လုံး တပ်ဆင်ပေးရန်နှင့် ဓာတ်မှန်ရိုက်ခန်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြင်းကျဒိုးတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ရပ်ဆိုင်းနေခြင်းအား ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
( ဂ ) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော် ဥက္ကာသီရိကုမ္ပဏီမှ Oxygen Plant အောက်စီဂျင်ထုတ်လုပ်သော စက်တစ်လုံး ဌာနပိုင် ဝယ်ယူတပ်ဆင်ခဲ့ရာ အောက်စီဂျင်စက်ကို (၃)နှစ်ကျော် အသုံးပြုခဲ့ပြီး စက်ချို့ယွင်းမှုကြောင့် ရပ်နားထားသည်မှာ (၂)နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ခန္တီးပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်သည့် လူနာများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် ချို့ယွင်းနေသော အောက်စီဂျင်စက်အား အမြန်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် အစိုးရလက်ထက်က ခန့်ထားပေးခဲ့သော မျက်စိလက်ထောက်ဆရာဝန်အား တွဲဖက်ပြန်လည်ခန့်ထားပေးရန် အစီအစဉ် ရှိ/ မရှိ၊ ပြန်လည်ခန့်ထားပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် စေလွှတ်ပေးမည်နှင့် ပြန်လည်ခန့်ထားခြင်း မရှိပါက မည်သည့် အတွက်ကြောင့် မခန့်ထားနိုင်သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
( င ) ဒေါ်ယဉ်မင်းထိုက်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့်ညီညွတ်သည့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
( စ ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံအား လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ် လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းတွင် ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ကော်မတီများနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းများတွင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။