တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး
နဝမနေ့ အစီအစဉ်
[ ၂၂ - ၆ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးအောင်လှထွေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှု၊ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာနှင့်လူအင်အား လုံလောက်မှု ရှိ/မရှိ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများရရှိမှု ရှိ/မရှိနှင့် နိုင်ငံတော် အခွန်ဘဏ္ဍာ ပိုမိုရရှိအောင် ဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ခ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာသည့်အတွက် နေထိုင်မှုအဆင်ပြေစေရန် ရွာတိုးချဲ့မြေ ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဂ) ဦးခင်မောင်တင့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃)၏ တိုက်ကြီးမြို့နယ်အတွင်းရှိ မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမချိုကျေးရွာ၊ မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ကျေးရွာ၊ ကင်းပတီးကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာနှင့် လိပ်လော့ကျေးရွာ၊ ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာနှင့် ကြို့ပင်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ အုပ်စု အေးမြသာယာကျေးရွာများအား သစ်တောဧရိယာမြေမှ ပယ်ဖျက်ပြီး ကျေးရွာပိုင်မြေအဖြစ် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဃ) ဦးရှာမွေလရှဲန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာ ကြိုးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
(င) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာရှိ တောင်မန်းမြောင်းဘောင် ၇.၆ မိုင် (ပေတိုင်အမှတ် ၄၁၀၀၀)နှင့် ၈ မိုင် (ပေတိုင်အမှတ် ၄၂၀၀၀)ကြားရှိ ပေါင်းတံတားအထိ (၂.၂)မိုင်အရှည်ရှိသော ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီတွင် အဖွဲ့ဝင်နေရာ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း။
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။
၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း။
၁၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၁၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။
၁၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း။
၁၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။