Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ အစီအစဉ် (၂၉-၆-၂၀၂၆)

Monday, June 29, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၁၁ ရက်မြောက်နေ့ အစီအစဉ်

 [ ၂၉ - ၆ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃ဝ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် များကဖြေကြားခြင်း -

(က) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက်ရှိ မြို့မအားကစားကွင်းတွင် မိုးလုံလေလုံ အားကစားခန်းမဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းများ၌ လယ်ယာစိုက်ပျိုးချိန်တွင် မြေပြင်ရန် လယ်ထွန်စက်နှင့် ရိတ်သိမ်းချိန်အတွက် ရိတ်သိမ်းခြွေစက်များကို လုံလောက်စွာ စီစဉ်ပေးရန် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံမှ ညောင်နှစ်ပင် ရေသန့်စက်ရုံသို့ ရေပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရန်နှင့် ဆားငန်ရေနှင့် နုန်းများ ဝင်ရောက်ခြင်းကြောင့် ချောင်းကောမှုပြဿနာလျော့နည်းစေရန် ပန်းလှိုင်မြစ်ဝတွင် ရေတံခါးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးတူးကျေးရွာနှင့် လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာအုပ်စုကို ဆက်သွယ်ထားသော လေးတူး-ကွမ်းခြံ ရေကာတာပေါ်ရှိလမ်းမှ လေးတူး-ဆင်လမ်း အပိုင်း၏ ပျက်စီးနေသောနေရာများကို ဂဝံထပ်ပိုးလွှာခင်း၍ ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - ကာဇက်စတန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းတွင် အဖွဲ့ဝင်နေရာအစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို  အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - လာအို လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းခွင့်ပြုရန်နှင့် အသင်းတွင်ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။