Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ အစီအစဉ် (၆ - ၇ - ၂၀၂၆ )

Monday, July 6, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၁၃ ရက်မြောက်နေ့ အစီအစဉ်

 [ ၆ - ၇ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၃ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဥတ္တံတား ရပ်ကွက်၊ နယ်မြေ(၁)၊(၂)နှင့်ဇော်ဂျီရပ်ကွက်တွင် မိုးရာသီကာလ၌ မိုးရွာသွန်းမှု များပြားခြင်းကြောင့် ဇော်ဂျီချောင်းရေမြင့်တက်ပြီး အိမ်ခြေ(၅၀၀)နီးပါး ရေကြီးနစ်မြုပ်မှုဒဏ်များ ခံစားနေရပါသဖြင့် ရေကြီးရေလျှံမှုများ လျော့ပါးသက်သာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သလို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ခ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ဝက်လာ - ဆပ်ကွင်း - အသုတ်လမ်းအရှည် (၅/၀.၉၆)မိုင်အား မြေသားလမ်းမှ ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာ/ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ကို   သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ဂ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်း မြို့နယ်အတွင်းရှိ ကျုံပျော် - ကျောင်းကုန်း - မြောင်းမြ - လပွတ္တာ လမ်းအရှည် (၁၈.၅)မိုင်ခန့်မှာ လက်ရှိတွင် ကတ္တရာများ ပေါက်ပြဲပြီး ပျက်စီးနေပါသဖြင့် တစ်နှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ သောင်ကြီး - ဒိုက်ပျက်လမ်းပေါ်တွင် ကျန်ရှိနေသေးသော ကျောက်လမ်း(၃)မိုင်နှင့် အမာခံလမ်း (၆)မိုင်(၆)ဖာလုံတို့အား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။ 

၆။ ဦးရန်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန်ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့်လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့်  အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း-

(က) ဦးအေးပိုင်၊ ရန်ကုန်တိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆)

( ခ ) ဦးအောင်စိုး၊ ပဲခူးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)

( ဂ ) ဒေါ်ကျင်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)

(ဃ) ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆)

( င ) ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)

( စ ) ဦးသန်းအေး(ခ)ဦးတင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀)

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၈ ) မိနစ်။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၄ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။