Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ အစီအစဉ် (၈-၇-၂၀၂၆)

Wednesday, July 8, 2026 - 10:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၁၄ ရက်မြောက်နေ့ အစီအစဉ်

[ ၈ - ၇ - ၂၀၂၆ ] ( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၄ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃)၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြားရှိ အလျား(၂၅)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၀)ပေရှိသော ကျေးရွာချင်းဆက် တံတားမှာ ပြိုကျပျက်စီးလာပါသဖြင့် RC သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ခ) ဦးခဲချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ နမ္မတီး-တနိုင်း-ပန်ဆောင် (လီဒို)လမ်း၊ နန်းယွန်း-ပန်ဆောင်ကြားမှ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းပိုင်း(၁၇/၀) မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါက်တာနိုင်လင်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉)၏ ကယားပြည်နယ်တွင် ကာလရှည်ကြာစွာ စစ်‌ဘေးဒဏ်များ ခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းများ ချမှတ်ရေးဆွဲပြီး အမြန် အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရန် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဒေါ်သိင်္ဂီဝင်းရွှေ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တွင် စစ်ဘေးဒဏ်ကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး မိမိတို့မြို့ပေါ်တွင် ပြန်လည်အခြေချနေထိုင်လျက်ရှိကြသော စစ်ဘေးရှောင် ပြည်သူများအား နိုင်ငံတော်အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် နေထိုင်မှု အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့လာသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၈။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့လာသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်း။ 

၉။ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၀။ ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့်ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း - 

(က) ဒေါ်အေးချမ်းမုံ၊ မွန်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၆ )

( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၂ )

( ဂ ) စိုင်းဝင်းခိုင်၊ ရှမ်းပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀)

(ဃ) ဒေါ်နော်ဖလောရင့်ဒယ်နီ၊ ကယားပြည်နယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)

( င ) ဒေါ်ဇင်ပပဦး၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)

( စ ) ဦးစိုးကြည်၊ တနင်္သာရီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၈ ) မိနစ်။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၅ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။